ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲယှဉ်ပြိုင်မှု ကြည့်ရှုအားပေး

နေပြည်တော်   စက်တင်ဘာ ၂၉

 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction–IDDRR) အထိမ်းအမှတ် အဖြစ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို  ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ အနက်(၃၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၈၁)ဦးတို့က  “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်စို့” “Fighting Inequality For A Resilient Future”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

 

အဆိုပါစာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲသို့  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကို အောက်တိုဘာ ၁၈ ရက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားနေ့တွင် ဆုများပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)