ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့များတရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၈

 

စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပခဲ့သည့် အကြိမ်(၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ်(၂၀) မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၊ (၇) ကြိမ်မြောက် တရုတ်-အာဆီယံ စိုက်ပျိုးရေး ပူးပေါင်းဆောင် ရွက်မှုဖိုရမ်နှင့် သွင်းကုန်/ပို့ကုန် အစားအသောက်ဘေးကင်းရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အကြိမ်(၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့ သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် (၇) ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် ကျန်စုပြည်နယ် ရောဂါကာကွယ် ထိန်းချုပ်ရေး ဌာနသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကူမင်းမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိကြသည်။

 

ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ (Minister-Counselor) Mr. Jia Junjie နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)