နေပြည်တော် မတ် ၂၀
ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Arnaud de Baecque နှင့် အဖွဲ့အား ယနေ့တွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ သံတမန်ဧည့်ခန်းမ၌ လက်ခံတွေဆုံသည်။
တွေ့ဆုံစဉ် ဂျီနီဗာသဘောတူညီချက် (၄) ခုကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများအတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်