ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ခံ စားခဲ့ရသည့် ဥပဒေရုံးများအတွက် သွပ်များနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ဆေးဝါးများလှူဒါန်း

 

 

စစ်တွေ      ဇွန်   ၂၃

 

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဥပဒေရုံးများ ပြန်လည်ပြုပြင်ရန် သွပ်များထောက်ပံ့ ပေးအပ်ခြင်းနှင့် မုန်တိုင်းဒဏ်သင့်ဥပဒေရုံးများမှ ဝန်ထမ်းများ သက်သာချောင်ချိ ရေးအတွက် ထောက်ပံ့ငွေနှင့် ဆေးဝါးများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဥပဒေအကြံအဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥဒေအရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

 

ဦးစွာ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဥပဒေရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေနှင့် မိုခါမုန်တိုင်းဒဏ် ကျရောက်ပြီးနောက် ဥပဒေရုံးအဆောက်အဦများ ပျက်စီးမှု၊ လတ်တလော ပြုပြင်ထိန်းသိမ်းထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ဒဏ်ခံခဲ့ရသည့် ဥပဒေရုံးများနှင့် ဝန်ထမ်းအိမ်ရာများပျက်စီးမှုများ ပြန် လည်ပြုပြင်ရန်အတွက် ပြည်နယ် ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲရသော ဌာနဖြစ်သဖြင့် ခွင့်ပြုငွေများရရှိအောင် တင်ပြတောင်းခံသွားရန်လိုအပ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် သွပ်အချပ် ၄၂၃ ချပ်၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ငွေကျပ် သိန်း(၂၀၀) ကို လာရောက်လှူဒါန်းခြင်းဖြစ် ကြောင်း၊ ထို့ပြင် ဥပဒေရေးရာဝန်ကြီးဌာန အောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လှူဒါန်းငွေ ၁၀၉ သိန်းကို ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တစ်ဆင့်လှူဒါန်းခဲ့ပါကြောင်း၊ မုန်တိုင်းမကျရောက်မီကပင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ကြိုတင်ဆောင်ရွက်ခဲ့မှုများကြောင့် ဝန်ထမ်းများထိခိုက်သေဆုံးမှုမရှိဘဲရုံး အဆောက်အဦများ အနည်းငယ်သာပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တက်ကြွစွာကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။

 

ယင်းနောက် ခရိုင်နှင့်မြို့နယ် ဥပဒေရုံးများမှ ဥပဒေအရာရှိများက မိုခါမုန်တိုင်းကြောင့် ရုံးအဆောက်အဦများ ပျက်စီးခဲ့မှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နေမှုတို့ကို ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဥပဒေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် ဆေးဝါးများကို ပြည်နယ်ဥဒေချုပ်ကထံပေးအပ်ပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဥပဒေချုပ်ရုံး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။   

(သတင်းစဉ်)