ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ် ..

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ် (12th  St. Petersburg International Legal Forum) သို့ တက်ရောက်

 

နေပြည်တော် ဇွန်  ၂၈

 

ရုရှားနိုင်ငံတရားရေးဝန်ကြီးဌာန တရားရေ‌ဝန်ကြီး H.E. Honorable Mr.Konstantin A. Chuychenko ၏ ဖိတ်ကြားချက်အရ ဉပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့၌ ကျင်းပလျက်ရှိသော (၁၂)ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖိုရမ် (12th  St. Petersburg International Legal Forum) သို့ တက်ရောက်ကြသည်။

 

(၁၂) ကြိမ်မြောက်စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (12th St. Petersburg International Legal Forum) သို့ နိုင်ငံတကာမှတရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားရေးဝန်ကြီးများ၊ ရှေ့နေရှေ့ရပ်များ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ဥပဒေပါမောက္ခများ၊ အပြည်ပြည်ဆိုင်ရာရှေ့နေများ၊ တရားရေးနှင့် ဥပဒေရေးရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

 

(၁၂) ကြိမ်မြောက်စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (12th St. Petersburg International Legal Forum) ၏ Plenary Session ကို “Law as the Basis for Global Balance” ခေါင်းစဉ်ဖြင့် ကျင်းပသည်။

 

ဥပဒေရေးရာနှင့် တရားရေးဝန်ကြီးများ အစည်းအဝေး (Opening Meeting of Justice Ministers) တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက  ဥပဒေရေးရာဝန်ကြီးဌာနသည် မဟာဗျူဟာစီမံချက် များကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရားဥပဒေ စိုးမိုးရေး ဆီသို့ ခေါင်းစဉ်ဖြင့် ရည်မှန်းချက် ၄ ရပ်ကို ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှုများပေးခြင်း ခေါင်းစဉ်ဖြင့် ရည်မှန်းချက် ၅ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မဟာမိတ်နိုင်ငံများနှင့် ရေရှည် တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ရေးသည် ဥပဒေရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များအနက်မှ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအရ ဥပဒေရေးရာ စနစ်များ၊ ဥပဒေပြုရေးဆိုင်ရာအတွေ့အကြုံနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းတို့တွင် အမြင်ချင်း ဖလှယ်ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် မျက်နှာစုံညီဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများ အပြန်အလှန်ဖလှယ်မှုများဖြင့် နှစ်နိုင်ငံ အဖွဲ့အစည်းနှစ်ရပ်အကြား ပိုမိုပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

(၁၂) ကြိမ်မြောက ်စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (12th  St. Petersburg International Legal Forum) တွင် အပြည်ပြည်ဆိုင်ရာဥပဒေ၊ လူ့အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး၊ နိုင်ငံ၏ဥပဒေနှင့် အချုပ်အခြာအာဏာ၊ ပြစ်မှုဆိုင်ရာဥပဒေများ၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာ ရပ်ဆိုင်ရာဥပဒေများ၊ စီးပွားရေးဆိုင်ရာဥပဒေများနှင့် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုများအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာဥပဒေများ၊ အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ ဥပဒေများ၊ ဥပဒေပညာ သင်ကြားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် မြို့ပြစီမံကိန်းများ၊ ဥပဒေဝန်ဆောင်မှု၊ စီးပွားရေးနှင့် ကုမ္ပဏီ အုပ်ချုပ်မှုဆိုင်ရာဥပဒေများစသည့် ဥပဒေဘာသာရပ်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ကျင်းပသော ဆွေးနွေးပွဲများသို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့  တက်ရောက်ပြီး ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေး ဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Cooperation) ကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်တွင် လည်းကောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Cooperation) ကို ၂၀၂၃ ခုနှစ် မတ် ၂၂ ရက်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြပြီး ဥပဒေရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား  လက်မှတ်ရေးထိုးထားသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွှန်လွှာကို  အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲများသို့ ဆက်လက် တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)