ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်ရှေ့နေချုပ် ဒေါက်တာသီတာဦး ဥပဒေရုံး အရာထမ်းအိမ်ရာနှင့် ဥပဒေရုံးများ ဖွင့်လှစ်ပွဲတက်ရောက်

ရန်ကုန် စက်တင်ဘာ ၁၇

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်ရှေ့နေချုပ် ဒေါက်တာသီတာဦး သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ဥပဒေရုံးအရာထမ်းအိမ်ရာ၊ မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးနှင့် စမ်းချောင်းမြို့နယ် ဥပဒေရုံးအဆောက်အအုံသစ်ဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်‌ ဒေါက်တာထိန်လင်းဦး နှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်များ၊  ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန် တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် ဥပဒေအရာထမ်း၊ အမှုထမ်းများ၊ ဥပဒေရုံးအ ဆောက်အအုံများကို တာဝန်ယူတည်ဆောက်ခဲ့သော ကုမ္ပဏီများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးအဆောက်အအုံသစ်ကို  ဥပဒေရေးရာ ဝန်ကြီးဌာန ဒုတိယရှေ့နေချုပ် ‌၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ၊ ရန်ကုန်တိုင်းဒေသ ကြီး တိုင်းရင်းသားရေးရာဝန်ကြီး ၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်  ‌ဒေါက်တာဆွေဆွေအောင်၊ ဒေါက်တာသီတာစမ်း၊ ‌ဒေါ်ယုယုခင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြောက်ဥက္ကလာပ မြို့နယ် ဥပဒေရုံးသစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် ပက်ဖြန်းကာ ဥပဒေရုံးသစ်ကို လှည့်လည်ကြည့်ရှုကြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ၊ ဥပဒေရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး တို့က စမ်းချောင်းမြို့နယ် ဥပဒေရုံး အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာ ရည် ပက်ဖြန်းပေးကာ ဥပ‌ဒေအဆောက်အုံသစ်ကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ဥပဒေချုပ်ရုံးခန်းမတွင် ကျင်းပသည့် သန်လျင်ခရိုင် ဥပဒေရုံး အိမ်ရာသစ် ၊ မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးသစ်၊ စမ်းချောင်းမြို့နယ် ဥပဒေရုံးအ ဆောက်အအုံသစ်များနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး  ပြည်ထောင်စုဝန်ကြီးက ဥပဒေရုံးအရာထမ်းအိမ်ရာသစ် နှင့် ဥပဒေရုံးအသစ်များ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်က ဥပဒေရုံးအသစ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဥပဒေရုံးများကို တာဝန်ယူ တည်ဆောက်ခဲ့ကြသည့် ကုမ္ပဏီများ ကိုယ်စား ဗိုလ်မင်းဗိုလ်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲနောင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

ယင်းနောက် သန်လျင်ခရိုင် ဥပဒေရုံးအရာထမ်းအိမ်ရာ၊ စမ်းချောင်းမြို့နယ် ဥပဒေရုံး၊ မြောက်ဥက္ကလာပ မြို့နယ်ဥပဒေရုံးအဆောက်အအုံအသစ် မှတ်တမ်းအထောက် အထားများကို ဆောင်လုပ်ခွင့်ရကုမ္ပဏီများက ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေ အရာရှိ ဦးမောင်မောင်တာ က လက်ခံရယူသည်။

ယနေ့တွင် သန်လျင်ခရိုင် ဥပဒေရုံးအရာထမ်းအိမ်ရာ(၈၆ x ၃၅)ပေ၊ RC (၄)ခန်း တွဲ(၄)ထပ် တစ်လုံး၊ မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးနှင့်အရာထမ်းအိမ်ရာ ရုံးဆိုင်း ဘုတ်အပါအဝင် (၇၂ x ၄၆)ပေ၊ RC(၄)ခန်းတွဲ(၄) ထပ်တစ်လုံးနှင့် စမ်းချောင်း မြို့နယ် ဥပဒေရုံး၊ ရုံးခြံစည်းရိုးနှင့် ရုံးဆိုင်းဘုတ်အပါအဝင် ၃၈ ဒသမ ၆ x၄၈ ဒသမ ၆ ပေ RC(၅) ထပ် အဆောက်အဦတို့ကို ဖွင့်လှစ်သည်။ 

သတင်းစဉ်