ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

ရန်ကုန် ဇွန် ၁၆

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် (၁၄) ရက်မှ (၁၅) ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေး (1st Southeast  Asian Games Federation (SEAGF) Meetings) သို့ တက်ရောက်ပြီး ယနေ့နံနက် ၁၁ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့အား အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ကော်မတီအဖွဲ့ဝင်များ လိုက်ပါသွားကြကြောင်းနှင့် အဆိုပါအဖွဲ့သည် ၂၀၂၄ ခုနှစ် ဇွန် ၁၄ ရက်တွင် The Signing   Ceremony  of  the  Host City  Contract  for   the   33rd  SEA Games  Thailand 2025 နှင့်  1st  SEAGF   Council  Meeting  (Part-1) သို့ လည်းကောင်း၊ ဇွန် ၁၅ ရက်တွင်  SEAGF  Anti- Doping Committee  Meeting ,  SEAGF  Medical  Committee  Meeting , SEAGF  Sports and  Rules Committee  Meeting ,  SEAGF  Women  and  Sports Committee  Meeting , SEAGF  Executive Committee Meeting  နှင့် 1st  SEAGF   Council  Meeting  (Part-2) တို့ကို တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn