ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ထံ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် ခန့်အပ်လွှာပေးအပ်

နေပြည်တော် မေ ၁၆

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အား ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Ms. Noriko Takagi သည် ယနေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌  လာရောက် ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို ပေးအပ်သည်။

ခန့်အပ်လွှာ ပေးအပ်သည့် အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်