ပြည်တက္ကသိုလ်၌ ဥပဒေဆိုင်ရာ အသိပညာ‌ပေး ဆွေးနွေးဟောပြောပွဲ ကျင်းပ

ပြည် မတ် ၂၄

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၌ ယနေ့နံနက် ၁၀ နာရီက ဥပဒေဆိုင်ရာ အသိပညာ‌ပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

 

ဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ပြည်ခရိုင် ဥပဒေအရာရှိ ဒေါ်သန္တာအောင်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးဥပဒေဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းက မှုခင်းကျဆင်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သတင်းအမှား၊ အမှန် စိစစ်ပိုင်းခြားခြင်းဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီး အသိပညာပေး ဆွေးနွေးဟောပြောသည်။

 

အသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်း ၂၀၀ ခန့်တက်ရောက်ကြောင်း သိရသည်။

 

ကိုဆက်(ပြန်/ဆက်)