ပြည်တွင်းကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေသူများ အဆင်ပြေလျက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ

နေပြည်တော် မတ် ၁၈

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ပြုလုပ်လျက်ရှိရာ တရားဝင် လွတ်လပ်စွာ ဝယ်ယူနိုင်မှုကြောင့် ပြည်တွင်းမှ ကျောက်မျက်လုပ်ငန်း ရောင်းဝယ်ကြသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကျောက်အတွဲတွေက အရင်ပြပွဲထက် နည်းပါတယ်၊ နိုင်ငံခြားငွေဈေး တက်လာတဲ့အတွက် မြန်မာငွေနဲ့ ဈေးပိုပေးပြီး ဝယ်ရပါတယ်၊ ငွေကြေးလဲလှယ်မှု မငြိမ်လို့ မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ပွဲကို ပိုပြီး မျှော်လင့်မိပါတယ်”ဟု မန္တလေးမြို့မှ တစ်နိုင်တစ်ပိုင် ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြသည်။

ခွန်(ဝင်းပ)