ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကျင်းပ

နေပြည်တော် ဧပြီ ၇

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကို ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အဆင့်ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌက အမျိုးသားအဆင့် ကော်မတီ အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် များနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို ကော်မတီအဆင့်ဆင့် ဖွဲ့စည်း၍ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် အောင်မြင်မှုများ အထိုက်အလျှောက်ရရှိနေပြီဖြစ်ပါကြောင်း။

လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများ အနေဖြင့် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့် စပ်လျဉ်း၍ စီမံချက်များ အသီးသီး ရေးဆွဲတင်ပြရာတွင် ယာယီခိုလှုံရာစခန်းများတွင် လက်ရှိ နေထိုင်သည့် ကာလအတွင်း ထောက်ပံ့ခြင်းထက် မူလနေရပ်သို့ ပြန်လည်နေရာ ချထားရာတွင် ကူညီပံ့ပိုးပေးမည့် အစီအမံများနှင့် ရေရှည်ရပ်တည်နိုင်‌ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ မီးရရှိရေး၊ မိလ္လာ စနစ် အစရှိသည်များကို မူလ အခြေအနေထက် ပိုမိုကောင်းမွန်အောင် ထည့်သွင်းရေးဆွဲသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ IDP စခန်းများအား စိစစ်လေ့လာ သုံးသပ်၍ အကြံပြုချက်များ ဖော်ထုတ် တင်ပြရေးအဖွဲ့အနေဖြင့် IDP စခန်းများ၏ မြေပြင် အခြေအနေ၊ စခန်းတွင်း နေထိုင်သူများ၏ နေရပ်ပြန်ရန် စိတ်ဆန္ဒ ၊ နေရပ်ပြန်ရန် နှိုးဆော်နိုင်သည့် အချက်များ၊ နှောင့်နှေးနိုင်သည့် အချက်များ၊ နေရပ်ပြန်နိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဖော်ထုတ်သုံးသပ်ပြီး ကော်မတီအသီးသီးသို့ ဖြန့်ဝေပေးထားပြီးဖြစ်၍ လေ့လာကာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။ 

လုပ်ငန်းကော်မတီများအနေဖြင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများဆောင် ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်ပြီးစီးမှုများနှင့် ထပ်မံဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကိုလည်း သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့များ အလိုက် ရန်ပုံငွေ ထည့်သွင်းလျာထား ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ IDP နှင့် တိုက်ပွဲရှောင် စခန်းများတွင် ရောက်ရှိနေထိုင်နေကြသူများ၏ ရပ်တည်နေထိုင်မှုကို စိစစ်လေ့လာ၍ နေရပ်သို့ပြန်လည်ပို့ဆောင်နေရာချထားပြီး စခန်းများ ပိတ်သိမ်းနိုင်မည့်  အခြေအနေများကို ဆွေးနွေးတင်ပြရန် တိုက်တွန်းလိုပါကြောင်း။ 

အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကိုစဉ်ဆက်မပြတ် အားလုံးပူး ပေါင်းပါဝင်၍ တက်ကြွစွာ ဆောင်ရွက်ခဲ့မှုကြောင့် ယခင် တိုးတက်မှုများအပြင် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ခုနှစ်ဒီဇင်ဘာ၂၀ရက် မှ လက်ရှိအချိန်ထိ အိမ်ထောင်စု ၆,၄၂၁ စု၊ လူဦးရေ ၂၇,၉၅၇ ဦးတို့ကိုမူလနေရာများသို့ ပြန်လည်ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး IDPနှင့် တိုက်ပွဲရှောင် စခန်း/စုရပ် ၁၀၉ ခု ကို ထပ်မံပိတ်သိမ်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။

ပြည်တွင်းနေရပ်စွန့်ခွာသူများကို မူလနေရပ်အပါအဝင် ပြန်လည်နေရာချ ထားသည့် နေရာများတွင် အမှီအခိုကင်း၍အဆင်ပြေစွာ ရပ်တည်နေထိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခြင်း နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းတို့ဖြင့် လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများကို လျော့နည်းပပျောက် စေနိုင်သကဲ့သို့ ဒေသတွင်း ဖွံ့ဖြိုးရေး အစီအစဉ်များ ဖော်ဆောင် နိုင်ရန်အတွက်လည်း များစွာ အထောက်အကူပြု မည်ဖြစ်ပါ၍ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများအားလုံး အချိတ်အဆက်မိမိနှင့် ဟန်ချက် ညီညီထိရောက် ပီပြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က နေရပ် စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု အခြေအနေ၊ IDP နှင့် တိုက်ပွဲရှောင်စခန်းများတွင် အချက်အ လက်ကောက်ယူခြင်းနှင့် လူမှုရေးဆိုင်ရာပံ့ပိုးမှု အခြေအနေ၊ ကိုဗစ် (၁၉) ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံသွားမည့် အစီအစဉ်များ၊ အသက်မွေးဝမ်း ကျောင်း သင်တန်းများ ဖွင့်လှစ်ပေးနေမှု အခြေအနေ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် မူလနေရပ်သို့ ပြန်လည်နေထိုင် လိုသူများအတွက် လတ်တလော လိုအပ်သည်များကို ထောက်ပံ့ကူညီပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြော ကြားသည်။ 

ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခို လှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီ များနှင့် အမျိုးသား အဆင့်ကော်မတီအတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာ ဆိုင်ရာ ကိစ္စရပ်များအား ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူ  တို့က ပြည်တွင်းနေရပ် စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးအတွက် သုံးသပ် အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးရှင်းလင်းတင်ပြကြရာ အမျိုးသားအဆင့် ကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်