ပန်းတောင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅)လုံး အမိုးလန်ပျက်စီး

ပန်းတောင်း မေ ၄

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မေ ၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခိုက်မှုကြောင့် တလုပ္ပင်ကျေးရွာအုပ်စုနှင့် ဖရုံကားကျေးရွာအုပ်စုတို့တွင် လူနေအိမ်(၅)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅)လုံးပျက်စီးခဲ့ပြီး မိသားစုဝင်များ ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)