ပန်းတနော်မြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ပန်းတနော်၊ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရွှေမြင်တင်ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပန်းတနော်မြို့နယ် ရွှေမြင်တင်ကျေးရွာနေ ဦးခိုင်ကျော်ဦး၏ နေအိမ်နောက်ဖေးမီးဖိုရှိ မီးကြွင်းမီးကျန်မှ ဘေးထရံသို့ကူးစက်၍ လောင်ကျွမ်းခဲ့ရာ ၁၂ပေ ၈ပေ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ်တစ်လုံး မီးလောင် ခဲ့ခြင်းဖြစ်ပြီး အဆိုပါမီးလောင်ရာသို့ အနီးရှိပြည်သူများနှင့် မြို့နယ်မီးသတ်ဦးစီးမှူးဦးမောင်မောင်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ ဆက်)