ပဉ္စမနေ့ Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

ရန်ကုန် ၁၄ စက်တင်ဘာ 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ ကြီးမှူး၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပဉ္စမနေ့ Myanmar International Series 2019 ကြက်တောင်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ် ၃၂၀-၃၃၂၊ အနော်ရထားလမ်းရှိ အမျိုးသား ကြက်တောင်အားကစားခန်းမတွင် ဆက်လက်ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် အမျိုးသမီး (၁) ဦးချင်း ဆီမီးဖိုင်နယ်ပြိုင်ပွဲအပြီးတွင် အင်ဒိုနီးရှားနိုင်ငံမှ Maharani Sekar  Batarn က မြန်မာနိုင်ငံမှ သက်ထားသူဇာအား (၂၁ - ၁၅) မှတ် (၂၁ - ၁၇) မှတ်ဖြင့် အနိုင်ရရှိပြီး ဖိုင်နယ်သို့ တက်ရောက်သွားသည်။

စက်တင်ဘာ (၁၅) ရက် မွန်းလွဲ (၁) နာရီ၌ ဗိုလ်လုပွဲနှင့် တတိယလုပွဲများ ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲသို့ မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိသည်။

အား/ကာ

 

mdn