ပျဉ်ဒရယ်သစ်တောကြိုးဝိုင်းအတွင်း ရှားပါးသစ်မျိုးစိတ် ကညင်ဖြူပင် တွေ့ရှိ

ဖျာပုံ ဇန်နဝါရီ ၁၉

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲရှိ ပျဉ်ဒရယ်သစ်တောကြိုးဝိုင်း (တောင်ပိုင်း) အတွင်း ရှားပါးသစ်မျိုးစိတ် တစ်ခုဖြစ်သည့် သက်တမ်းရင့် ကညင်ဖြူကို မြို့နယ်သစ်တော ဦးစီးဌာနက တွေ့ရှိမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

 

ကညင်ဖြူပင်ဟာ လုံးပတ်ရှစ်ပေ၊ လေးလက်မဖြစ်ပြီး အမြင့် ပေ ၉၀ ခန့်ဖြစ်ပါတယ်။ သက်တမ်း ကတော့ ခန့်မှန်းနှစ် ၇၀ ခန့်ရှိပြီဖြစ်ပါတယ်ဟု ဖျာပုံမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးစောနိုင်ဦး က ပြောသည်။

 

ကညင်ဖြူပင်အား ၎င်းကြိုးဝိုင်းသစ်တောဧရိယာရှိ မမွှေးကွင်း ကျေးရွာ အကွက်အမှတ် (၅၉)တွင် တွေ့ရှိစာရင်းရေးသွင်း မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ ကညင်ဖြူပင်ကို ဖျာပုံမြို့နယ် သစ်တောဦးစီးဌာနက ထိန်းသိမ်းလျက်ရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် သစ်ပင်မျိုးစိတ်များ ထပ်မံတွေ့ရှိလာပါက အလားတူ ဆက်လက်မှတ်တမ်းတင် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

 

သပြေထွန်း