ပျဉ်းမနားမြို့ လောကမာရဇိန်စေတီ၌ (၄၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

ပျဉ်းမနား မေ ၃

 

ပြည်ထောင်စုနယ်နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ လောကမာရဇိန် စေတီတော်၌ (၄၅)ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ  ကဆုန်ညောင်ရေသွန်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးဝေဖြိုးနိုင်၊ ဦးသန်းထွန်းအောင်၊ ဦးမြင့်အောင်နှင့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့အတွင်းရေးမှူး ပါဠိ‌ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညို ခဲ့ကြသည်။ 

 

ဆက်လက်၍ မြို့ယ်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ အတွင်းရေးမှူး ပါဠိ‌ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာကြားပြီး ရေစက်သွန်းလောင်း အမျှ ပေးဝေခဲ့ကြသည်။

 

ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆု‌တောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများက လောကမာရဇိန် စေတီတော်အတွင်းရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)