ပျဉ်းမနားမြို့နယ် ရန်အောင်ရောင်းဝယ်ရေး သမဝါယမအသင်းနှင့် မေတ္တာမွန်ရောင်းဝယ်ရေး သမဝါယမအသင်းတို့မှ သက်သာသော စျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များ ရောင်းချပေး

 

နေပြည်တော်   ဇွန်   ၂၈

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ရန်အောင်ရောင်းဝယ်ရေး သမဝါယမအသင်းဆိုင်နှင့် မေတ္တာမွန် ရောင်းဝယ်ရေး သမဝါယမအသင်းဆိုင်တို့က  (၁၀၁)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် အသင်းသူ အသင်းသားများအား ဆန်၊ ဆီ၊ ဆား၊ လူသုံးကုန်များနှင့် အခြေခံ စားသောက်ကုန်များကို ပြင်ပပေါက်စျေးထက်  သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်