နေပြည်တော် ဧပြီ ၂၀
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြေငလျင်ကြီးကြောင့် ပျဉ်းမနားမြို့နယ် အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံများအား ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့ရသည့် ဇေတဝန်ကျောင်းတိုက်၊ ပခန်းကျောင်းတိုက်၊ မြို့မစမ်းမြိုင် ကျောင်းတိုက်များသို့ သွားရောက် ၍ ကျောင်းထိုင်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီး ကျောင်းဝင်းအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဘုန်းကြီး ကျောင်းများ အတွင်း ထိခိုက်ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက် သစ်ဝင်တိုင်းကျေးရွာ သီရိမင်္ဂလာပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် ဦးပညာသာမိအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် သစ်ဝင်တိုင်း နယ်မြေ သဘာဝဘေးအန္တရာယ် (မြေငလျင်ဘေး) ကူညီကယ်ဆယ် ရေးစခန်းသို့ရောက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးစခန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံ ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဝင်က ကယ်ဆယ်ရေးစခန်းအတွင်း သန့်ရှင်းသာယာမှု ရှိစေရေး၊ ရေသုံးစွဲမှု စနစ်တကျ ရှိစေရေး၊ အစားအသောက်ဖူလုံမှု ရှိစေရေး၊ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါနှင့် အခြားကူးစက်ရောဂါ များဖြစ်ပွားမှုမရှိစေရေး စနစ်တကျ စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)