ပျဉ်းမနားမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော်     ဇွန်      ၄

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၄ ရက် နံနက်ပိုင်းက ပျဉ်းမနား-လယ်ဝေး မြို့ရှောင်လမ်း၊ မိုင်တိုင် ၂၁၈/၂ နှင့် ၂၁၈/၄ ကြား၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းက မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ပျဉ်းမပင်ကို စိုက်ပျိုးပေးပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ စုပေါင်း၍ သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပသည့် ပျဉ်းမနားမြို့နယ် ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် ပျဉ်းမပင် ၉၀၊ ဆီသပြေပင် ၅၀၊ တောင်မရိုးပင် ၃၀၊ တပြေဘူတ ၁၈ ပင်၊ စိန်တံချူ ၁၈ ပင်၊ ပန်းမယ်ဇလီ ၈၂ ပင်၊ စိန်ပန်းလေး ၄၆ ပင်၊ အာဖရိကန်ကျူးလစ် ၄၆ ပင်၊ ကုက္ကိုပင် ၄၀ စုစုပေါင်း ပျိုးပင် ၄၂၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဇော်မင်းလွင်(ပြန်/ဆက်)