ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီမှုရပြီးပါက တရုတ်ဘက်က လိုက်လျောမှုများလုပ်ဆောင်ရန် ထရမ့်တောင်းဆို

ဝါရှင်တန် နိုဝင်ဘာ ၂၁
ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့သည် ပထမအဆင့်ကုန်သွယ်ရေးသဘောတူညီချက်ပြီးဆုံးပါက တရုတ် နိုင်ငံအနေဖြင့် နောက်ထပ်လိုက်လျောအလျှော့ပေးမှုများ လုပ်ဆောင်သွားရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တောင်းဆိုလိုက်သည်။


သို့သော်လည်း အမေရိကန် မီဒီယာများက နှစ်ကုန်သည့်တိုင်အောင် သဘောတူညီမှုရရှိလိမ့်မည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။


တိုးတက်မှုမလိုချင်ဟုထင်
တရုတ်နိုင်ငံက မိမိထက်ကိုပဲ ကုန်သွယ်ရေးသဘောတူညီချက်ပိုမို ပြုလုပ်ချင်နေမှာပါဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၀ ရက်က ပြောကြားခဲ့သည်။


ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံ ဘက်က နောက်ထပ်တိုးတက်မှု မလိုချင်ဘူးဟု မိမိအနေဖြင့် မထင် မိကြောင်းအမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဆက်လက်ပြောကြားသည်။


မီဒီယာများတွင် ဖော်ပြ
ကုန်သွယ်ရေးတွင် အခွန် ကောက်ခံမှုလျှော့ချရန် တရုတ်တို့ တောင်းဆိုချက်ကို မလိုက်လျောမီ အမေရိကန်က တရုတ်နိုင်ငံအား ဉာဏပစ္စည်း မူပိုင်ခွင့်ကာကွယ်ခြင်းကဲ့သို့သော ထိရောက်သည့်ပုံစံ များဖြင့် လုပ်ဆောင်စေချင်ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြထားသည်။ အင်န်အိတ်ခ်ျ