ပထမဆုံး မောင်းသူမဲ့ထောက်လှမ်းရေးယာဉ် တောင်ကိုရီးယားနိုင်ငံသို့ ဆိုက်ရောက်

၂၄ ဒီဇင်ဘာ

အမေရိကန်လုပ် မောင်းသူမဲ့ထောက်လှမ်းရေးယာဉ် တစ်စင်းသည် တောင်ကိုရီးယား စစ်အခြေစိုက်စခန်းတစ်ခုသို့ ယမန်နေ့က ဆိုက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

 

s1

 

ယမန်နေ့က သတင်းစာရှင်းလင်းပွဲ တစ်ခု၌ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားရာတွင် ယင်းကဲ့သို့ ကြေညာခဲ့သော်လည်း အသေးစိတ်ကိုမူပြောကြားသွားခြင်းမရှိပေ။

 

s2

 

ထိုပမာဏကြီးမားသော မောင်းသူမဲ့ထောက်လှမ်းရေးယာဉ်သည် ဆိုးလ်မြို့တွင် ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်မှာ စတင်မိတ်ဆက်ရန်စီစဉ်ထားသော လေယာဉ်လေးစင်းအနက် ပထမဆုံးယာဉ်ဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံ၏ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

s3

 

ထိုမောင်းသူမဲ့ ထောက်လှမ်းရေးယာဉ်သည် ကိုရီးယားကျွန်းဆွယ်၏ တောင်ပိုင်းအစွန်းဒေသဖြစ်သော ဆာချွန်မြို့ရှိ လေတပ်အခြေစိုက်စခန်း၌ ဆင်းသက်ခဲ့ပြီး ၎င်းယာဉ်ကိုအသုံးပြုရန်ပြင်ဆင်နေသည်ဟု ထိုအေဂျင်စီက ပြောကြားခဲ့သည်။

ထိုမောင်းသူမဲ့ထောက်လှမ်းရေးယာဉ်သည် အနီအောက်ရောင်ခြည်ခံ အာရုံခံကိရိယာများနှင့်ရေဒါကိရိယာတို့ကို တပ်ဆင်ထားရာ ရာသီဉတုဆိုးရွား၊ မှောင်မိုက်သောည ဖြစ်လင့်ကစား မြေပြင်ပေါ်ရှိ ပစ်မှတ်များကို စောင့်ကြည်စစ်ဆေးပြီး ရှာဖွေနိုင်သည်ဟု သိရသည်။

တောင်ကိုရီးယားနိုင်ငံသည် ပဲ့ထိန်းဒုံးများ အကြိမ်ကြိမ်ပစ်လွှတ်နေသော မြောက်ကိုရီးယားနိုင်ငံကို စောင့်ကြည့်မှု
အားကောင်းစေရန် စီစဉ်လျက်ရှိသည်။

တောင်ကိုရီးယားနိုင်ငံ၏ မောင်းသူမဲ့ထောက်လှမ်းရေးယာဉ် စတင်အသုံးပြုခြင်းကို မြောက်ကိုရီးယားက ကန့်ကွက်မည်ဟု မျှော်လင့်ရသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို