နေပြည်တော် ဇူလိုင် ၁၄

 

“စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော် ကောင်စီဝင်များက ပွဲတော်ကို ဖွင့်လှစ်ပေးပြီး ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်နေကြသည့် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှု အားပေးကာ ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ထူးချွန်ဆုများနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့က အမှာစကား ပြောကြားကြပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများပေးအပ်ကာ ပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး MSME ထုတ်ကုန်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သျှင်ဦးမောင်(ဒက္ခိဏ)