ပုဗ္ဗသီရိမြို့နယ်၌ ကျွဲ၊ နွား၂၅၈၄ ကောင်အား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံ

နေပြည်တော် ဇွန် ၂၃

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကျွဲ၊ နွားများ ခွာနာလျှာနာ ရောဂါကင်းရှင်းရေးအတွက် ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများအား ၆ လ တစ်ကြိမ် အခမဲ့ထိုးနှံပေးလျက်ရှိရာ ပုဗ္ဗသီရိမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်ရှိ ကျေးရွာများသို့ သွားရောက်၍ ကျွဲ၊ နွားများအား ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပုဗ္ဗသီရိမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သိန်းနှင့် ဝန်ထမ်းများက ဇွန် ၂၀ ရက်မှ ၂၉ ရက်အထိ ကျွဲ၊ နွားကောင်ရေ တစ်သောင်းအား ကာကွယ်ဆေးထိုးနှံပေးရန် လျာထားရာ ယနေ့ထိ ကျေးရွာ ၁၈ ရွာမှ ကျွဲ၊ နွား ၂၅၈၄ ကောင်အား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျွဲ၊ နွားမွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူများအနေ ဖြင့် မိမိတို့၏ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံလိုပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ချိတ်ဆက်ကာ စာရင်းပေး ထိုးနှံနိုင်ကြောင်း သိရသည်။

 

သန္တာလင်း(ပုဗ္ဗသီရိ)