ပုစွန်တောင်မြို့နယ်၌ နှစ်ထပ်တိုက် ဝရန်တာ ပြိုကျမှုဖြစ်ပွား

နေပြည်တော် ၅ သြဂုတ်

 

ပုစွန်တောင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ၅၁ လမ်း အပေါ်ဘလောက်တွင် ယနေ့ ၇ နာရီ ၄၇ မိနစ်က ဟောင်ကောင် ၂ ထပ်တိုက်ဝရန်တာ ပြိုကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး တို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

 

MDN