ပုဂံလူရည်ချွန်စခန်းမှ Grade -9 လူရည်ချွန် ကျောင်းသား/သူများ ပုပ္ပားတောင် ပရဆေး ဥယျာဉ်နှင့်  ရေမြေတောတောင် သဘာဝပေါက်ပင်တို့အားလေ့လာ

ညောင်ဦး၊ ဧပြီ  ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ ကျောက်ပန်းတောင်း မြို့နယ် အရှေ့မြောက်ဘက် (၁၁) မိုင်ခန့်ကွာဝေးသည့် ပုပ္ပား၊ တောင်ကလပ်သို့ ပုဂံလူရည်ချွန်းစခန်းမှ စခန်းမှူး ဒေါက်တာစိုးမြင့်ထွန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦး ဆောင်သော ကြီးကြပ်သူ ဆရာ/ ဆရာမများ လိုက်ပါလျှက် ဧပြီ ၃၀ ရက်၊ နံနက် ၈ နာရီအချိန်ခန့်က ပုပ္ပားတောင်သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတိုးလွင်ထံက သိရသည်။

ထိုသို့ ပုဂံလူရည်ချွန်စခန်း Grade - 9 လူရည်ချွန် ကျောင်းသားကျောင်းသူများ ပုပ္ပား/ တောင်ကလပ်သို့ ရောက်ရှိလာခဲ့ရာ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဒေါ်မော်မော်နှင့် ပညာရေးဝန်ထမ်းများ၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ တောင်ကလပ်ဂေါပက ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ ဒေသခံကျောင်းသား ကျောင်းသူများက ကြိုဆိုခဲ့ကြပြီး လူရည်ချွန်ကျောင်းသား/ သူများသည် ပတ္တမြားစောင်းတန်းအတိုင်း တောင်ကလပ်သို့ တက်ရောက်ခဲ့ကြပြီး စောင်းတန်း တစ်လျှောက် ဘုရားများဖူးမြှော်ခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများ၊ သဘာဝရှုခင်းများ ကြည့်ရှုခဲ့ကြပြီး တောင်ကလပ်အောက်ခြေရှိ  မူလတန်းလွန်ကျောင်းတွင် ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဒေါ်မော်မော်နှင့် ဆရာ/ မများမှ နေ့ခင်းစာဖြင့် ဧည့်ခံကျွေးမွေးကြသည်။

mdn

 

ပြီးနောက် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသားကျောင်းသူများသည် သစ်တောဦးစီးဌာန၊ ပရဆေးဥယျာဉ် ပြတိုက်သို့ ရောက်ရှိကြပြီး ခင်းကျင်းပြသထားသည့် ပရဆေးပင်များ၊ ပုပ္ပားတောင် ဥယျာဉ်အတွင်း ကျင်လည်ကျက်စားသည့် ငှက်မျိုးစိတ်များ၊ လိပ်ပြာမျိုးစိတ်များ၊ ပေါက်ရောက်သည့် သစ်အမျိုးအစားများအား ပုပ္ပားတောင်ဥယျာဉ် တာဝန်ရှိသူများမှ ရှင်းလင်းပြသပေးပြီး လူရည်ချွန် ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြကာ ပရဆေးဉယျာဉ်အတွင်း စိုက်ပျိုးထားသည့် တိုင်းရင်းဆေးပင်များအား လိုက်လံလေ့လာကြည့်ရှုကြသည်။ ဆက်လက်၍ လူရည်ချွန်ကျောင်းသား ကျောင်းသူများအား ကြီးကြပ်သူ ဆရာ/မကြီးများမှ Popa Mountain Resort သို့ရောက်ရှိကြပြီး ပုပ္ပားတောင်မကြီးအလယ်မှ တောင်ကလပ် ရှုမြှော်ခင်းများ ကြည့်ရှုခြင်းနှင့် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း
ဦးဝင်းထိန်၊ ညောင်ဦးခရိုင် ပြန်/ဆက်