ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများ  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားများ ဖူးမြှော်လေ့လာ

 

နေပြည်တော်၊ မေ  ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ သမိုင်းဝင်အထင်ကရ ဘုရားများကို ဖူးမြှော်လေ့လာကြသည်။

ဉီးစွာပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရာဇကဘုရား၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ တာမဏီသိမ်ကျောင်း၊ ရွှေဆံတော်ဘုရားနှင့် ရွှေစည်းခုံစေတီတော်တို့အား ဖူးမြှော် ကြည်ညိုကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများက ဘုရားကြီးများသမိုင်းကြောင်း၊ တည်ထားကိုးကွယ်ခဲ့သည့် မင်းများနှင့် ရှေးဟောင်းအင်္ဂတေပန်းများ၊ ဗိသုကာလက်ရာများအကြောင်းကို ရှင်းလင်းပြသရာ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားကြသည်။

သတင်းစဉ်