ပုဂံမြို့သစ်၌ အမျိုးသမီးငယ်တစ်ဦး ကြံရည်ကြိတ်ရာမှ လက်တစ်ဖက် ကြံရည်ကြိတ်စက်အတွင်း ရောပါကြိတ်မှုဖြစ်ပွား

ညောင်ဦး    ၁၂    ဧပြီ


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့သစ် လောကနန္ဒာဘုရားကြီးအနီး ကြံရည်အရောင်းဆိုင် တစ်ဆိုင်တွင် ယနေ့ နံနက် ၁၀ နာရီက အမျိုးသမီးငယ်တစ်ဦး ကြံရည်ရောင်းရန် ကြံရည်ကြိတ်စက်ဖြင့် ကြံရည်ကြိတ်စဉ် လက်တစ်ဖက် ကြံရည်ကြိတ်စက်အတွင်း ရောပါကြိတ်မှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။


ယနေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် ပုဂံမြို့သစ် လောကနန္ဒာဘုရားကြီးအနီး၌ ရောင်းချသော ကြံရည်ဆိုင်တွင် အမျိုးသမီးငယ်တစ်ဦး ကြံရည်ရောင်းရန် ကြံရည်ကြိတ်စဉ် လက်တစ်ဖက် ကြံရည်ကြိတ်စက်အတွင်း ရောပါကြိတ်မှု ဖြစ်ပွားကြောင်း သိရသဖြင့် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသခံရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ ဘယ်ဘက်လက်ချောင်းများ ဒဏ်ရာရရှိသွားသော ၎င်းအမျိုးသမီးငယ်ကို ညောင်ဦးမြို့ ပြည့်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ရဲဝင်းနိုင် (ညောင်ဦး)

 

44