ပုဂံညောင်ဦးမြို့နယ်ရှိ ဝင်ငွေနည်းအိမ်ထောင်စု ၉၀၀ အား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ညောင်ဦး         စက်တင်ဘာ        ၁၇

 

မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့နယ်ရှိ ဝင်ငွေနည်းအိမ်ထောင်စုများကို ရန်ကုန်မြို့မှ အလှူရှင် လောကပါလပဋ္ဌာန်းဆက်များ ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပုဂံမြို့ဟောင်းရှိ နဂါးရုံဘုရားကြီးရင်ပြင်တော်၌ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့သည်။

 

အဆိုပါ ထောက်ပံ့လှူဒါန်းခြင်းကို ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော် ဦးသာဂရအား အမှူးပြု၍ ပုဂံညောင်ဦးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဝင်ငွေနည်း အိမ်ထောင်စု ၉၀၀ အား အိမ်ထောင်စု တစ်စုလျှင် ဆန် နှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ငါးလုံး၊ ကြာဇံတစ်ထုပ်၊ ဆား ၅၀ ကျပ်သား၊ အချိုမှုန့် တစ်ထုပ်စီတို့ကို ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ကာ ပုဂံမြို့၊ သီရိပစ္စယာ လူမှုကူညီရေး ပရဟိတအသင်းသားများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)