ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး စဉ်ဆက်မပြတ် လိုက်လံစစ်ဆေး

ညောင်ဦး  ၆    ဇွန်    

 

မန္တလေးတိုင်းဒေသကြီး  ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ သမိုင်းဝင်တန်ခိုးကြီးဘုရားများအား မီးဘေးလုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၅ ရက်  နံနက် ၁၀ နာရီက ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင် မီးသတ်ဦးစီးမှူး ဦးသက်နိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒုတိယမီးသတ် ဦးစီးမှူး ဦးကောင်းထက်နိုင်နှင့် တပ်ဖွဲ့ဝင်များ က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ိ့်ျ

 

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေအတွင်းရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားများဖြစ် သော တုရင်တောင်စွယ်တော်မြတ်စေတီ၊ စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရား၊ ရွှေဆံတော်ဘုရား၊ ငှက်ပစ်တောင်ဘုရား များသို့ သွားရောက်ပြီး မီးဘေးအန္တရာယ်မဖြစ်စေရေး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ 

 

းဒိယ

 

ထို့နောက် ဒုတိယမီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ရှေးဟောင်းဇုန်နယ်မြေအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများနှင့် ရှေးဟောင်းသာသနိကအဆောက်အအုံများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက်  မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိ ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးများ လုံလောက်စွာ စီစဉ်ဆောင်ရွက် ထားမှု ရှိ/ မရှိ ၊ ရေရယူသုံးစွဲရန် အဆင်ပြေမှု ရှိ/ မရှိ ၊ ရေလှောင်ကန်များတွင် ရေများဖြည့်တင်းထားမှု ရှိ/ မရှိ နှင့် လျှပ်စစ်မိန်းခုံများနှင့် လျှပ်စစ်ဝါယာကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်း ဘုရားများရှိ လုံခြုံရေးဝန်ထမ်းများနှင့် ဘုရားဂေါပကအဖွဲ့ဝင်များကို  မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဗူးဖြင့် စနစ်တကျ ငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)

 

၈၉၇ျ