ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံစစ်ဆေး

ညောင်ဦး   ၂၀    မေ      


    
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ သမိုင်းဝင်တန်ခိုးကြီးဘုရားများအား မီးဘေးလုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို မေ ၁၉ ရက် မွန်းလွဲ ၂ နာရီက ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒုတိယမီးသတ် ဦးစီးမှူး ဦးကောင်းထက်နိုင်နှင့် တပ်ဖွဲ့ဝင် များက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

နတန္


    
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှေးဦးစွာ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေအတွင်းရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားများဖြစ်သော မဟာဗေဓိဘုရား၊ ဗူးဘုရား ၊ ကန်တော့ပလ္လင်ဘုရား၊ သဗ္ဗေညုဘုရား၊ ထီးလိုမင်းလိုဘုရားများတွင် မီးဘေးအန္တရာယ်မဖြစ်စေရေး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

နတ္

 

ထို့နောက် ဒုတိယမီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ရှေးဟောင်းဇုန်နယ်မြေအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများနှင့် ရှေးဟောင်းသာသနိကအဆောက်အအုံများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက်  မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိ ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးများ လုံလောက်စွာ စီစဉ်ဆောင်ရွက် ထားမှု ရှိ/ မရှိ ၊ ရေရယူသုံးစွဲရန် အဆင်ပြေမှု ရှိ/ မရှိ ၊ ရေလှောင်ကန်များတွင် ရေများဖြည့်တင်းထားမှု ရှိ/ မရှိနှင့် လျှပ်စစ်မိန်းခုံများနှင့် လျှပ်စစ် ဝါယာကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်း ဘုရားများရှိ လုံခြုံရေးဝန်ထမ်းများနှင့် ဘုရားဂေါပကအဖွဲ့ဝင်များကို  မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဗူးဖြင့် စနစ်တကျ ငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး) 

 

နမ္