ပုဇွန်တောင် အထက(၁) စာစစ်ဌာန၌ သမိုင်းဘာသာရပ်ဖြေဆိုသူ  ၇၄ ဒသမ ဝ၇ ရာခိုင်နှုန်းရှိ

ရန်ကုန်     ၁၅      မတ်


ပုဇွန်တောင်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် စာစစ်ဌာန အ.ထ.က(၁) ကျောင်းတွင် ယနေ့ နံနက်(၉)နာရီ ၌ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုလျက်ရှိကြောင်း သိရသည်။ 


အဆိုပါ စာစစ်ဌာနတွင် ကျား(၁၇)ဦးနှင့် မ(၁၀)ဦး စုစုပေါင်း (၂၇)ဦး ဖြေဆိုရန် စာရင်းရှိရာ ဖြေဆိုသူဦးရေမှာ ကျား(၁၂)၊ မ(၈) စုစုပေါင်း (၂၀)ဦး ရာခိုင်နှုန်းအားဖြင့် (၇၄ ဒသမ ဝ၇ ရာခိုင်နှုန်း) ဖြေဆိုပြီး ပျက်ကွက်ဦးရေမှာ ကျား(၅) ၊ မ(၂) စုစုပေါင်း (၇)ဦး  ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


ပုဇွန်တောင်(ပြန်/ဆက်)