ပုလဲမြို့နယ်တွင် တရားမဝင်သစ်မျိုးစုံ ၁ဝ တန်ကျော် ပိုင်ရှင်မဲ့သိမ်းဆည်းရရှိ

ပုလဲ ၁၀ ဧပြီ 

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း တရားမဝင်သစ်များ ခုတ်လှဲခြင်း၊ သယ်ဆောင်ခြင်းလုပ်ငန်းများကို တာဆီးကာကွယ် ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ဧပြီ  ၉ ရက်က တရားမဝင်သစ်မျိုးစုံ ၁ဝ တန်ကျော် ပိုင်ရှင်မဲ့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

 

e

 

ဖြစ်စဉ်မှာ တပ်မတော်သားများ၊ ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊  ဆားလင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ တောခေါင်းနှင့်  ရဲတပ်ဖွဲ့ဝင်များ၊ မရိုးတုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ က ပုလဲမြို့နယ်၊ မရိုးတုန်းကျေးရွာအုပ်စု၊ မရိုးတုန်း(မြောက်)ကျေးရွာ၏ အရှေ့ဘက်   တစ်မိုင်ခန့်အကွာ ဓားမကျချောင်းအနီးသို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ကျွန်းသစ်ခွဲသား ၆ တုံး(သုည ဒသမ ၇၇၈)တန်၊ အင်သစ်ခွဲသား ၁၆ တုံး(၂ ဒသမ ၇၁၆)တန်၊ ပျဉ်းကတိုးသစ်ခွဲသား ၉ တုံး (၂ ဒသမ ၃၄၄)တန်ကို ပိုင်ရှင်မဲ့ တွေ့ရှိခဲ့၍ သိမ်းဆည်းခဲ့ပြီး အရှေ့ဘက် ၃ ဖာလုံခန့်အကွာသို့ ဆက်လက်ရှာဖွေရာ ကျွန်းသစ်ခွဲသား ၃ တုံး (သုည ဒသမ ၄၅၁)တန်၊ ပျဉ်းကတိုးသစ်ခွဲသား ၂ တုံး (သုည ဒသမ ၃၂၅၆)တန်နှင့် ထောက်ကြံ့ခွဲသား ၂၅ တုံး (၃ ဒသမ ၉၅၀၂)တန် ပိုင်ရှင်မဲ့တွေ့ရှိခဲ့၍ သိမ်းဆည်းခဲ့သည်။

 


အဆိုပါ ပိုင်ရှင်မဲ့သိမ်းဆည်း  ရရှိခဲ့သော တရားမဝင်သစ်မျိုးစုံ ၆၁ တုံး(၁ဝ ဒသမ ၅၆၄၈)တန်ကို ပုလဲမြို့နယ်သစ်တောဦးစီးဌာနသို့ သယ်ဆောင်၍ ထိန်းသိမ်းထားရှိကြောင်းနှင့် တရားဝင်သစ်များ ခုတ်လှဲခြင်း၊ သယ်ဆောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသူများကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးအတွက် စုံစမ်းလျက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။ 

 


မြို့နယ်(ပြန်/ဆက်)
 

 

e