ပုလောမြို့ အမှတ်(၁)ရပ်ကွက် မီးဘေးသင့်ပြည်သူများအား ကျန်းမားရေးစောင့်ရှောက်မှုပေး

 

ပုလော    ဧပြီ     ၂၂

 

ပုလောမြို့ အမှတ်(၁)ရပ်ကွက် မီးဘေးသင့်ပြည်သူများကို ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာပြုံးချိုနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက မီးဘေးသင့်ပြည်သူများ နေထိုင်ရာ မိုးလုံလေလုံအားကစားကွင်းတွင် မီးဘေး သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများပါဝင်ပြီး အဆိုပါ မီးဘေးသင့်ပြည်သူများအား သွေးပေါင်ချိန်တိုင်းပေး၍ လိုအပ်သော ဆေးထိုးခြင်း၊ သောက်ဆေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်ပေးခြင်းတို့ကို  ဂရုပြုဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ပူပြင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိနေပြီးဖြစ်သောကြောင့် ပြည်သူများအား နေပူပြင်သို့ ထွက်ခွာခြင်းမပြုရန် မဖြစ်မနေ သွားလာရမည်ဆိုပါက ဦးထုပ်၊ ထီး၊ အင်္ကျီလက်ရှည်များ ဝတ်ဆင်သွား လာကြရန်နှင့်  အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ရန် လိုအပ်ပါက သက်ဆိုင်ရာသို့ အမြန်ဆုံး အကြောင်းကြား၍ ဆေးကုသမှုခံယူရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)