ပုလောမြို့နယ်၊ မလိကျွန်းရေပြင်၌ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါး ကျပ်သိန်း(၉၆၀ဝ)ခန့်သိမ်းဆည်းရမိ

ပုလော ၁၃   ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မလိကျွန်းရေပြင်၌ အမှတ်(၄၈) မလိအခြေစိုက်ရေတပ်စခန်းမှ ကင်းလှည့်ရာ ရေပြင်ပေါ်တွင် (DAGUANYIN) စာတမ်းပါ အဝါရောင်ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် (ICE) ဟုထင်ရသော မူးယစ်ဆေးဝါးအထုပ်များ မျောပါနေကြောင်း ပုလောမြို့နယ်မှူး၊ ရဲမှူးအေးကျော်မြင့်ထံ သို့ သတင်းပေးပို့အကြောင်းကြားခဲ့သည်။

 

mdn

 

ဖြစ်စဉ်မှာ အမှတ်(၄၈) မလိအခြေစိုက်စခန်းမှ ရေယာဉ်-၅၅၈သည် ပင်လယ်ပြင်အတွင်း ကင်းလှည့်ရာမှ ရေပေါ်တွင်မျောပါနေသော (ICE)မူးယစ်ဆေးဝါးဟုထင်ရသော (DAGUANYIN) စာတန်းပါ အဝါရောင် ပလပ်စတစ် အိတ်ဖြင့်ထည့်ထားသည့် အထုပ်(၁)ထုပ်လျှင်၊ အလေးချိန်(၁)ကီလိုဂရမ်ခန့်ရှိ (၂၄)ထုပ် ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း(၉၆၀ဝ)ခန့်တန်ကြေးရှိပြီး၊ ပင်လယ်ဆားငံရေဝင်၍ ပျက်စီးနေသည့် ကီလိုချိန်တွယ်မရသည့် အထုပ် (၁၁)ထုပ်၊ (DAGUANYIN) စာတမ်းပါ အဝါရောင်ပလတ်စတစ်အိတ်(၃)အိတ်တို့အား သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

 

mdn

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပုလောမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထူးဝေယံ(ပြန်/ဆက်)