ပုလော မတ် ၁၁
ပုလောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထက(၁)စာစစ်ဌာန၌ စတင်ဖြေဆိုလျက် ရှိရာ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၃၃၄ ဦးဖြေဆိုလျက်ရှိကြောင်း ပုလောမြို့နယ် ပညာရေးမှူးထံမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ပုလောပြန်/ဆက်)


