ပုလောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး စကားဝိုင်းကျင်းပ

ပုလော ၂၁ မေ    

တနင်္သာရီတိုင်းဒေသကြီးသည် မိုးများသောဒေသဖြစ်၍ မိုးရာသီ၌ ဖျားလျှင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတတ်သဖြင့် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးစကားဝိုင်းကို ယနေ့ ညနေ ၃ နာရီက ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ ဇေယျတုမ္မာ ဘုန်းတော်ကြီးကျောင်းတွင် ပုလောမြို့နယ် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာပြုံးချိုနှင့် ကျန်းမာရေးဆရာမများက ဦးစီး၍ ကျင်းပခဲ့သည်။

 

97

 

အဆိုပါစကားဝိုင်းတွင် ဒေါက်တာပြုံးချိုက သွေးလွန်တုပ်ကွေး ကင်းဝေးရေး လူတိုင်းပါဝင်ကူညီ ဆောင်ရွက်ပေး ဆောင်ပုဒ်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ သွေးလန့်သည့်လက္ခဏာများ၊ ခြင်ကျားကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်း၊ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဌက်ဖျားရောဂါများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသူများအား သိရှိလိုသည်များကို ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။

ထူးဝေယံ(ပြန်/ဆက်)