ပုလောမြို့နယ်တွင် အသက်(၁၈)နှစ်အောက် အမျိုးသား အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပုလောမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/သမီး ပြေးခုန်ပစ်ပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ပုလောမြို့နယ် အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

 

ပြိုင်ပွဲတွင် ပထမရရှိသော အခြေခံပညာ အထက်တန်းကျောင်း (ပုလော)ကို အမျိုးသား တံခွန်စိုက်ဆုနှင့် တစ်ဦးချင်း လည်ဆွဲဆုများ၊ ဒုတိယရရှိသော အခြေခံပညာ အထက်တန်းကျောင်း (ပုလော)ကို အမျိုးသမီး တံခွန်စိုက်ဆုနှင့် တစ်ဦးချင်း လည်ဆွဲဆုများကို တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ထူးဝေယံ(ပြန်/ဆက်)