ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံ

ပုလော ၂၇ ဇန်နဝါရီ 

ပုလောမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းကို ဇန်နဝါရီလ ၂၇ ရက် နံနက် (၈)နာရီက ပုလောမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ ရပ်ကွက် (၁၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇)အုပ်စုရှိပြီး မြို့နယ်အတွင်း တာ၀န်ထမ်းဆောင်နေသော ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ် တိုင်းရင်းဆေး ၀န်ထမ်းများ၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၀န်ထမ်းများ စုစုပေါင်း (၂၄၂) ဦးကို ပထမအကြိမ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်ဆက်)