ပုံစံတူသေနတ်များနှင့် လူလေးဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

၂၄ ဒီဇင်ဘာ

ပုံစံတူသေနတ် ၁၂ လက်နှင့် အခြားသော ထိုးစစ်လက်နက်များကို သိမ်းဆည်းခဲ့ပြီး လူလေးဦးကို ယမန်နေ့မွန်းလွဲပိုင်းက Yuen Long မြို့တွင် ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ယနေ့ထုတ်ပြန်ကြေညာချက်တွင် ရဲတပ်ဖွဲ့က ပြောကြားထားသည်။

 

h2

 

ရာဇဝတ်မှုနှင့်ဒုစရိုက်အဖွဲ့ နှိမ်နင်းရေးဆိုင်ရာ ရဲတပ်ဖွဲ့က သတ္တုပြားဖြင့်ဆောက်လုပ်ထားသော နေအိမ်တစ်လုံးကို ယမန်နေ့ ညနေ ၅ နာရီခန့်က ဝင်ရောက်စီးနင်းခဲ့သည်ဟု ထိုကြေညာချက်တွင် ရဲတပ်ဖွဲ့က ဖော်ပြထားသည်။

အဆိုပါ နေအိမ်အတွင်း မူးယစ်ဆေးဝါးသုံးကိရိယာများ လက်ဝယ်ထားရှိမှုနှင့် ထိုးစစ်လက်နက်နှင့် သေနတ်အတုများ လက်ဝယ်ထားရှိမှုတို့ဖြင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ကိုဖမ်းဆီးခဲ့သည်ဟု သိရသည်။

ခိုးယူထားသောကားတစ်စီးကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်းနှင့် ထိုအမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို