ပုဏ္ဏားကျွန်းမြို့နယ်၌ တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ

ပုဏ္ဏားကျွန်း မေ ၉

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို မေ ၈ ရက်က ကွန်းတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစပါးမျိုးစေ့ ထုတ်လုပ်နည်းပညာ၊ ဘက်စုံပိုးမွှားများ ကာကွယ်နှိမ်နင်းခြင်းနည်းပညာ၊ မြေဆီလွှာထိန်းသိမ်းနည်းပညာနှင့် နေကြာ ဆီထွက်သီးနှံ အထွက်တိုး စိုက်ပျိုးနည်းပညာတို့ကို သင်ကြားပို့ချပေးခဲ့သည်။

 

အဆိုပါဆွေးနွေးပွဲသို့ ဒေသခံတောင်သူ ၅၀ ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)