၆ မတ်
မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ဟနွိုင်းမှာ တွေ့ဆုံတဲ့ ဆွေးနွေးပွဲဟာ မအောင်မမြင်ဖြစ်ပြီးနောက်ပိုင်း ပြုံယမ်းဟာ တာဝေးပစ် ဒုံးကျည်ပစ်နိုင်တဲ့ ကွင်းကို ပြန်လည်တည်ဆောက်နေတဲ့ ဂြိုလ်တု ဓါတ်ပုံတွေရရှိကြောင်း အမေရိကန် think tank အဖွဲ့က ပြောကြားပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ နှစ်ရက်ကြာဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တို့ဟာ သဘောတူညီချက် တစ်စုံတစ်ရာ မရဘဲ ပြီးဆုံးခဲ့ပါတယ်။ ဆွေးနွေးပွဲပြီး နှစ်ရက်အကြာမှာ ဆိုဟေး ဒုံးကျည်စမ်းသပ်ပစ်လွှတ်နိုင်တဲ့ကွင်းကို ပြန်လည် တည်ဆောက်လာတာဖြစ်ပါတယ်။
ဆိုဟေးဒုံးကျည်ပစ်လွှတ်နိုင်တဲ့ကွင်းမှာ ၂၀၁၈ သြဂုတ်လကတည်းက စမ်းသပ်မှုတွေကို ရပ်နားခဲ့ပေမယ့် အခုလို ပြန်လည် တည်ဆောက်လာတယ်ဆိုတာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့ ဝါရှင်တန်အခြေစိုက် CSIS က ပြောပါတယ်။
ဒါပေမယ့် ဝါရှင်တန်အခြေစိုက် 38 North အဖွဲ့ကတော့ ဆိုဟေး ကနေ တိုက်ခြင်း ပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခြင်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူးလို့ ပြောပါတယ်။
MDN
ကိုးကား - AFP
