ပုပ္ပားဒေသထွက် နဂါးမာက်သီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလို ၁၀၀၀ ကျပ်သာ ရောင်းချနေရ

ညောင်ဦး  ဇူလိုင်  ၂၆

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသထွက် နဂါးမောက်သီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလိုလျှင် ငွေကျပ် ၁၀၀၀ သာ ရောင်းချနေရ ကြောင်း ဆင်ဆင်းကျေးရွာ နဂါးမောက်ခြံစိုက်တောင်သူ ဒေါ်စန်းစန်းမြင့်ထံက သိရသည်။

 

ပုပ္ပားဒေသထွက် နဂါးမောက်သီးများသည် အရည်အသွေးကောင်းမွန်သော်လည်း နဂါး မောက်သီးများ ခြံတိုင်း လှိုင်လှိုင်ထွက်ရှိချိန် ဈေးနှုန်းကျဆင်းသွားလေ့ရှိကြောင်း သိရပြီး နဂါးမောက်ခြံ စိုက်ပျိုးခြင်းအား ပုပ္ပားကျေးရွာ၊ တောင်ကလပ်ကျေးရွာ၊ ပုပ္ပားလွင်ကျေးရွာ၊ ဆည်၊ နဂါးလည်ကျေးရွာ၊ လျှော်တော၊ ဆင်ဆင်းကျေးရွာများတွင် စိုက်ပျိုးကြပြီး နဂါးမောက် အဖြူသီးနှင့် အနီသီးနှစ်မျိုး စိုက်ပျိုးကြကြောင်း လျှော်တောကျေးရွာ နဂါးမောက်စိုက်တောင်သူ ဒေါ်စန်းစန်းမြင့်မှ ရှင်းပြသည်။

 

နဂါးပင်များ နယုန်လတွင် စတင်ဖူးပွင့်ပြီး ကဆုန်လတွင်အသီးမှည့်၍ စတင်ရောင်းချရကြောင်း သိရပြီး ဖူးလိုက်၊ ပွင့်လိုက်၊ သီးလိုက်ဖြင့် ကဆုန်လမှတန်ဆောင် မုန်းလရောက်မှသာ နဂါးမောက်သီးရာသီပြီးဆုံးကြောင်း ဆင်ဆင်းကျေးရွာ နဂါးမောက်စိုက် တောင်သူ ဦးအောင်ဝင်းက ရှင်းပြသည်။

 

နဂါးမာက်ပင်များသည် ရေကြိုက်သော်လည်းရေဝပ်သည်ကို မနှစ်သက်ကြောင်း၊ အပင် ပင်စည်သည် နွယ်မျိုးပင်စည်ဖြစ်ကာလေးလံခြင်းကြောင့် ကွန်ကရစ်တိုင်များဖြင့်ဖြစ်စေ ၊ ခိုင်ခန့်သည့် သစ်သားတိုင်ဖြင့်ဖြစ်စေ၊ သံကြိုးတန်းကာ တစ်ပင်ခြင်းဖြစ်စေ၊ အတန်းလိုက်ဖြစ်စေ၊ စင်ခံစိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။

 

နဂါးမောက်သီးများပေါ်ချိန် ဈေးနှုန်းမှာ တသတ်မှတ်ထဲ မရှိဘဲ နဂါးမောက်သီးဆွတ်ခူးသည့် အသုတ်လိုက်သာ ဈေးနှုန်းအတက်အကျရှိတတ်ကြောင်း နဂါးမောက်သီး တစ်ခါသီးလျှင် ဈေးနှုန်းနှစ်မျိုးအမြဲရောင်းရတတ်ပြီး တစ်ကီလို ၅၀၀ကျပ်မှ ၁၀၀၀ ကျပ်ထိ ရောင်းချရသည်များလည်းရှိကြောင်း၊ နဂါးမောက်သီးရောင်းချရာတွင် အွန်လိုင်း မှာသာ ဈေးနှုန်းကြီးနေခြင်းဖြစ်ကြောင်း ဦးအောင်ဝင်းမှပြောကြားကာ ပုပ္ပားဒေသထွက် နဂါးမောက် သီးများလှိုင်လှိုင်ပါ်ချိန် တစ်ကီလို ၁၀၀၀ကျပ်သာရောင်းချနေရကြောင်း နဂါးမောက်ခြံစိုက် ပျိုးတောင်သူ ဒေါ်စန်းစန်းမြင့်က ပြောသည်။

                                                           

ကိုကြေးမုံ