ပုပ်ရဟန်းမင်း ဂျပန် နဲ့ ထိုင်းနိုင်ငံတွေကို နိုဝင်ဘာ မှာ လာရောက်လည်ပတ်မယ်

၁၃ စက်တင်ဘာ


ပုပ်ရဟန်းမင်း ဖရန့်စစ် ဟာ ထိုင်း နဲ့ ဂျပန်နိုင်ငံ တိုကျို၊ ဟီရိုရှီးမား နဲ့ နာဂါဆာကီမြို့တွေကို နိုဝင်ဘာ ၁၉ ရက်ကနေ ၂၆ အတွင်း လာရောက်လည်ပတ်မယ်လို့ ဗာတီကန်က ဒီကနေ့(သောကြာနေ့)မှာ ထုတ်ပြန်ကြေငြာပါတယ်။ 

 

ထိုင်းနိုင်ငံကို နိုဝင်ဘာ ၂၀ ကနေ ၂၃ ရက်နေ့အထိ ရှိမှာ ဖြစ်ပြီး အဲဒီကနေ ဂျပန်နိုင်ငံကို သွားရောက်ရာ နိုဝင်ဘာ ၂၆ ရက်အထိဖြစ်ကြောင်း ခရီးစဉ် ထုတ်ပြန်ချက်မှာရေးသား ထားပါတယ်။ 

 

ကတ်သရက်ဘာဝင် လေးသိန်းငါးသောင်းနီးပါးရှိတဲ့ ဂျပန်နိုင်ငံကို  ဒီနှစ်ဆန်းပိုင်းက သွားရောက်ဖို့ရှိနေခဲ့ပါတယ်။ ပုပ်ရဟန်းမင်း ဂျွန်ပေါလ် တိုကျိုမြို့ကို ရောက်ပြီး နှစ်၄၀ နီးပါးအကြာ နိုဝင်ဘာလမှာ  ပုပ်ရဟန်းမင်း ဖရန့်စ်က တိုကျိုကို ရောက်ရှိမှာဖြစ်ပါတယ်။

 

ပုပ်ရဟန်းမင်း ဖရန့်စစ်က အာရှနိုင်ငံများ နှစ်ကြိမ်တိုင်ရောက်ရှိပြီးဖြစ်ပါတယ်။ ပထမအကြိမ် ၂၀၁၄ ခုနှစ်က ဖိလစ်ပိုင် နဲ့ သီရိလင်္ကာနိုင်ငံတွေကို သွားရောက်လည်ပတ်ပြီး ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ ကို သွားရောက်ခဲ့ပါတယ်။ 

 

 MDN
ကိုးကား - AFP

 

8