ပုပ်ရဟန်းမင်းကြီး ဂျပန်သို့လာရောက်မည့်ခရီးစဉ် ဗာတီကန်စီးတီး ကြေညာ

၁၃ စက်တင်ဘာ

 

နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သွားရောက်မည့် ခရီးစဉ်အချိန်ဇယားကို ဗာတီကန်က ယနေ့ ကြေညာခဲ့သည်။

 

ပုပ်ရဟန်းမင်းကြီးသည် ထိုင်းနိုင်ငံမှ တိုကျိုသို့ရောက်ရှိပြီး ဂျပန်နိုင်ငံသို့ နိုဝင်ဘာလ ၂၃ရက်နေ့မှစ၍ လေးရက်ကြာ ခရီးစဉ်အဖြစ် လာရောက်မည်ဟု မျှော်လင့်ရသည်။

 

၈

 

နောက်နေ့တွင် ၎င်းသည် ၁၉၄၅ခုနှစ်က အဏုမြူဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာနှစ်ခုဖြစ်သည့် ဟီရိုရှီးမားနှင့် နာဂါစကီတို့သို့ အဏုမြူဗုံးသင့်သူများ အောက်မေ့သတိရရန် အလည်အပတ်သွားရောက်မည်ဖြစ် သည်။

 

နာဂါစကီတွင် ပုပ်ရဟန်းမင်းကြီးသည် ဝတ်ပြုဆုတောင်းပွဲတစ်ရပ် ကျင်းပမည်ဖြစ်သည်။

 

တိုကျိုတွင် Tokyo Dome ၌ ဝတ်ပြုဆုတောင်းပွဲမပြုလုပ်မီ တိုကျိုမြို့တွင် ဘုရင်နာရူဟီတို၊ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးတို့နှင့် နိုဝင်ဘာလ ၂၅ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

 

နောက်တစ်ရက်တွင် ပုပ်ရဟန်းမင်းကြီးသည် ဗာတီကန်စီးတီးသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

 

၁၉၈၁ခုနှစ် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် - ၂ နောက်ပိုင်း ဂျပန်နိုင်ငံသို့ ပထမဆုံးလာရောက်သည့် ပုပ်ရဟန်းမင်းကြီး ဖြစ်လာမည်ဖြစ်သည်။

 

လွန်ခဲ့သော ခြောက်နှစ်က ပုပ်ရဟန်းမင်းကြီးရာထူးကို ရယူပြီးနောက် နျူကလီးယားလက်နက်ဖျက်သိမ်းရေးလှုပ်ရှားမှုကို ထောက်ခံသူအဖြစ် လူသိများလာခဲ့သည်။

 

၂၀၁၇ခုနှစ်တွင် နျူကလီးယားလက်နက်များ တားမြစ်မှုအပေါ် ကုလသမဂ္ဂ စာချုပ်အပေါ် ဗာတီကန်စီးတီးက အတည်ပြုခဲ့သည်။
ပုပ်ရဟန်းမင်းကြီးသည် အနုမြူဗုံးကြဲခံရသည့်မြို့များကို ကြည့်ရှုစောင့်ရှောက်ပေးပြီး နျူကလီးယားကို ဆန့်ကျင်သည့် သတင်းများအပေါ်တွင် အာရုံစူးစိုက်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်