ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဂျပန်သို့ ၄ ရက်ကြာ သွားရောက်မည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဂျပန်နိုင်ငံ နာဂါစကီမြို့သို့ အလည်အပတ် ရောက်ရှိနေစဉ်အတွင်း နျူကလီးယား ဖျက်သိမ်းရေးအတွက် တောင်းဆိုမည့် သတင်းစကား တစ်ရပ်ကို တောင်းဆိုဖွယ်ရှိကြောင်း သိရသည်။

 

 

ဂျပန်နိုင်ငံအား ၄ ရက်ကြာ သွားရောက်မည့် ခရီးစဉ်အတွင်း နာဂါစကီနှင့် ဟီရိုရှီးမားရှိ အဏုမြူဗုံးပေါက်ကွဲခဲ့သည့် နေရာများသို့ သွားရောက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက ဗာတီကန်က ကြေညာခဲ့သည်။ ၎င်း၏ ခရီးစဉ်သည် နိုဝင်ဘာလ ၂၃ ရက်တွင် စတင်မည်ဖြစ်သည်။

 

 

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးသည် နာဂါစကီသို့ သွားရောက် လည်ပတ်မည် ဖြစ်သည်။

 

 

၁၉၄၅ ခုနှစ်တွင် အဏုမြူဗုံးကြဲခံခဲ့ရသည့် ပန်းခြံသို့ သွားရောက်လည်ပတ်မည့် အစီအစဉ်ဆွဲထားကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

 

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဂျပန်နိုင်ငံ၏ စစ်ဘုရင်ဖြစ်သည့် Toyotomi Hideyoshi သေဆုံးခဲ့သည့် နေရာဖြစ်သည့် အာဇာနည်များ ကျဆုံးရာနေရာသို့လည်း သွားရောက်လည်ပတ်မည် ဖြစ်သည်။

 

 

ပုပ်ရဟန်းမင်ကြီး ဝတ်ပြုဆုတောင်းပွဲသို့ လူပေါင်း ၃၇၀၀၀ တက်ရောက်ကြမည်ဟု မျှော်မှန်းရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

1