ပုသိမ်-မုံရွာကားလမ်းတွင် ခရီးသည်တင် မော်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ပုသိမ် ၂၄ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ သဘော့ငူကျေးရွာအနီး၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၁၉/၂) နှင့် (၁၉/၃) ကြားတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ခရီးသည်တင်မော်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

 

1

 

ပုသိမ်မြို့မှ ငါးသိုင်းချောင်းမြို့သို့ မောင်းနှင်လာသော FUSO အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်သည် ခရီးသည် ၄၅ ဦး လိုက်ပါမောင်းနှင်လာစဉ် မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁စီး၊ ရေသယ်ယာဉ် ၁စီး၊ ဒါးကနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သိရသည်။

 

MDN

 

1