ပုသိမ်ကြီး၊ သံဖြူဇရပ်၊ ကွန်ဟိန်းနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးများ ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ ၂၈ 

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာ အနီးတွင် တင်မောင်လွင် (ခ)မှတ်ကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၂ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချော ကျေးရွာ၊ ကျောက်ချော ကွက်သစ်ရှိ ၎င်း၏နေအိမ်သို့ သွားရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ကိုလည်း ကောင်း၊ ထိုနေ့ နံနက် ၁၀ နာရီတွင် သံဖြူဇရပ် မြို့နယ်၊ ကျိုက္ခမီမြို့၊ ဓမ္မစေတီရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် မျိုးဇော်နှင့် ဖြိုးမင်းထက် တို့ ၂ ဦး ကို မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ စစ်ဆေးရှာဖွေရာ အိုက်စ် ၆ ကီလို ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ကွန်ဟိန်းမြို့၊ အမှတ် (၃)ရပ်ကွက်၊ သုခကျောင်းလမ်းနေ မနန်းနေ၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ကိုလည်း၊ ထိုနေ့ ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း()ရပ်ကွက်၊ ဂေါက်ကွင်းအဆင်းလမ်း တွင် ယာချေး မောင်းနှင်ပြီး အားထူ လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀  သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေး ယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)