ပုသိမ်ကြီးနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၆ မတ်

မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေး (မြောက်ပိုင်း) မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၆ ရက် နံနက်ပိုင်းက  ပုသိမ်ကြီးမြို့နယ်၊ (၁၆) မိုင် စစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်ပေါ်မှ ခရီးသည် အောင်ကိုချစ်နှင့် ပြည်ဖြိုးတို့အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၇၀၊ ဘိန်းဖြူ ၁၀ ဂရမ်နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား ဖမ်းဆီးရမိခဲ့သည်။

အလားတူ မတ် ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲက မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုရမ်းကျေးရွာနေ ဒေါ်အီအွေ့ရှဲန်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၄၀၊ ထိုင်းနိုင်ငံသုံးငွေဘတ် ၁၇၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)