ပုသိမ်မြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်စက်ဝယ်ယူရန် အလှူငွေပေးအပ်

ပုသိမ် ၊  ၁၃  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကာလတွင် အသုံးပြုရန် အောက်ဆီဂျင်စက် ဝယ်ယူရန်အတွက် အလှူငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆေးရုံအုပ်ကြီးရုံခန်း၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် အလှူရှင်ဖြစ်သည့် အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိမြို့တွင်နေထိုင်သော မြန်မာ့နိုင်ငံသား ဦးစိန်သန်းကိုယ်စား ပုသိမ်မြို့ အ.ထ.က (၁) ကျောင်းသားဟောင်းကြီးများက ငွေကျပ် ၁၃၃၉၆၁၅၀ ကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်မြင့်(ပြန်/ဆက်)