ပုသိမ်မြို့လယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

ပုသိမ် ၁၆ မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ မြေနုလမ်းရှိ (၂)ထပ်လူနေဆိုင်ခန်းတွင် ယနေ့မွန်းလွဲ ၁၂ ခွဲခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးလှိုင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၈၄ ဦးတို့သည် မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၆ စီး၊ အထောက်အကူပြုယာဉ် ၂ စီးတို့ဖြင့် ငြှိမ်းသတ်ရာ ၁ နာရီ ၁၅ ခန့်တွင် မီးထိန်းနိုင်ခဲ့သည်။

မီးလောင်မှုကြောင့် လူနေဆိုင်ခန်း ၅ ခန်းနှင့် ကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း၊ အိမ်ထောင်စု ၃ စုမှ မိသားစုဝင် ၁၈ ဉီးကို နီးစပ်ရာ မိသားစုများထံသို့ ရွှေ့ပြောင်းထားကြောင်းနှင့် မီးလောင်မှုအကြောင်းရင်းကို ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မြင့်ဟန် (ပုသိမ်ခရိုင်ပြန်ဆက်)